Skip to main content

Posts

Showing posts with the label Statistics with Python

1.5 Study Design အကြောင်း

Photo by Isaac Smith on Unsplash Study Design နဲ့ပက်သက်ပြီးပြောမယ်ဆိုရင် အများကြီးရှိပါတယ်။ ရရှိတဲ့ဒေတာတွေကို ကနဦးအကြမ်းဖျင်း စိစစ်လေ့လာတဲ့ Exploratory Analysis of Data (EAD) ကနေ သုတေသနမေးခွန်းအတွက် သေသေချာချာ စီစဉ်ပြီး ကောက်ယူထားတဲ့ဒေတာတွေကို Analysis ပြုလုပ်တာတွေအထိ ပါဝင်ပါတယ်။ Study Design က ဒေတာအခြေပြုသုတေသန(Data-Driven Research)အတွက် ကြိုတင်ပြင်ဆင်သမျှ အရာအားလုံး အကြုံးဝင်ပါတယ်။ Study Design နဲ့ပက်သက်ပြီး အဆင့်မြင့်နည်းစနစ်(Techniques)တွေနဲ့ စိတ်ကူးအကြံဉာဏ်(Ideas)တွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့က ဒီဟာတွေကို အသုံးပြုနေတဲ့ နယ်ပယ်(Fields)တွေနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမဲ့ ဒီဟာတွေကိုအသုံးပြုခဲ့တဲ့ အတွေ့အကြုံတွေကနေ Study Design နဲ့ပက်သက်တာ တော်တော်များများကို သင်ယူနိုင်ပါတယ်။ Clinical Trials (ဆေးသုတေသန) - ဆေးဝါးနဲ့ ကုထုံးသုတေသနစမ်းသပ်မှု ကုန်ထုတ်နယ်ပယ်မှာဆိုရင် ကုန်ပစ္စည်းရဲ့ စိတ်ချရမှု (Reliability) နဲ့ အရည်အသွေးခိုင်မာမှု(Quality Assurances) တွေနဲ့ ပက်သက်တဲ့ လေ့လာမှုတွေ လူသားတွေရဲ့ ကျန်းမာရေးနဲ့ပက်သက်တဲ့ သုတေသနလေ့လာမှုတွေ ပြည်သူလူထုရဲ့ ဆန္ဒကောက်ယူမှုစစ်တမ်းတွေ အုပ်ချုပ်မှုဆိုင်ရာ...

1.3 ဒေတာတွေ ဘယ်ကလာသလဲ? (Where Do Data Come From?)

ဒီအပိုင်းမှာ ဒေတာတွေဘယ်ကလာသလဲ ဆိုတဲ့ အကြောင်းအရာနဲ့ ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာလေ့လာရာမှာအသုံးပြုတဲ့ Statistical Approaches (ချဉ်းကပ်ပုံ)တွေအတွက် ဒေတာတွေဘယ်ကလာသလဲဆိုတဲ့အချက်က ဘာကြောင့် အရေးကြီးသလဲဆိုတာကို ဆွေးနွေးပါမယ်။ Data Analysis ပြုလုပ်ရာမှာ ဒေတာတွေဘယ်ကလာသလဲဆိုတာကို ကောင်းကောင်းသိဖို့လိုပြီးတော့ ဒေတာတွေက ဘယ်လိုဖြစ်ပေါ်လာသလဲဆိုပြီး စဉ်းစားတဲ့နေရာမှာ မဖြစ်မနေမေးဖို့လိုအပ်တဲ့ အရေးကြီးမေးခွန်းတွေလည်း ရှိကြပါတယ်။ Research Study ပြုလုပ်ချိန်မှာ ကောက်ယူတဲ့ဒေတာတွေက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ (Different Types of Data) ယေဘုယျအားဖြင့် အဓိကဒေတာအမျိုးအစား နှစ်ခု ရှိပါတယ်။ Organic (or) Process Data (သဘာဝအရဖြစ်ပေါ်သောဒေတာ) 'Designed' Data Collection (ဒီဇိုင်းထုတ်စီမံပြီး ကောက်ယူသောဒေတာ) တို့ ဖြစ်ပါတယ်။ Organic (or) Process Data အကြောင်းပြောမယ်ဆိုရင် ဒီဒေတာတွေက ကွန်ပြူတာသတင်းအချက်အလက်စနစ်ကနေ ထုတ်ပေးလိုက်တဲ့ ဒေတာတွေ (ဒါမှမဟုတ်) ဗီဒီယိုနဲ့ အသံ Recordings တွေကနေ ထုတ်ယူထားတဲ့ ဒေတာတွေ ဖြစ်ပါတယ်။ အဓိကအချက်က ဒီဒေတာတွေဟာ Process တွေကနေ သဘာဝအတိုင်း ထွက်ပေါ်လာတဲ့ ဒေတာတွေဖ...

1.2 Statistics ဆိုတာဘာလဲ

By D Wells - Own work, CC BY-SA 4.0, https://commons.wikimedia.org/w/index.php?curid=79921898 Statistics ဆိုတာက ဒေတာကနေ သင်ယူလေ့လာရတဲ့ ဘာသာရပ်တွေအားလုံး အကြုံးဝင်တဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။ Statistics ရဲ့ Methodology (နည်းစနစ်)မှာ ပါဝင်တာကတော့ Tools နဲ့ Methods တွေဖြစ်ပါတယ်။ ဒီ Tools နဲ့ Methods တွေကို ဒေတာတွေကို နားလည်ဖို့အတွက်ရယ်၊ ဒေတာတွေနဲ့ အလုပ်လုပ်ဖို့အတွက်ရယ် အသုံးပြုပါတယ်။

1.1 Data ဆိုတာဘာလဲ

ဒေတာဆိုတာဘာလဲလို့ မေးလာရင် ဘာမဆိုဖြစ်နိုင်တယ်လို့ပဲ ပြောရမှာပါ။ Data can be "Numbers" ပထမဆုံးအနေနဲ့ ဒေတာက ကိန်းဂဏန်းတွေဖြစ်နိုင်ပါတယ်။ ဒေတာလို့ပြောလိုက်တာနဲ့ လူအများစုက ကိန်းဂဏန်းတွေကိုပဲ ပြေးမြင်ကြမှာပါ။ ကိန်းဂဏန်းတွေနဲ့ ပြည့်နေတဲ့ Excel Spreadsheet လိုဟာမျိုးပေါ့။ အောက်မှာပြထားတဲ့ပုံက US က Center for Disease Control က ကောက်ယူထားတဲ့ National Health and Nutrition Examination Survey (NHANES) ဒေတာတွေဖြစ်ပါတယ်။ ကျွန်တော်တို့မြင်နေကြ Spreadsheet Data Format နဲ့ပဲ ဖြစ်ပါတယ်။